Imdb - 6.5/10
မင်္ဂလာပါ ခင်ဗျာ၊ တကယ့်ခြောက်ခြားစရာ Horror ကားကောင်းကောင်းလေး တောင့်တနေသူများအတွက်
Chinese Horror movie လေးတစ်ခုကို ရွေးချယ်ထားပါတယ်။ ခပ်ညံ့ညံ့ သရဲတစ္ဆေဇါတ်ကားတွေလို ရွံ့ရှာဖွယ်၊ အမြင်မတော်ဖွယ်ရာတွေမပါပဲ Horror ရဲ့ အရသာကို သန့်သန့်လေး ရိုက်ကူးထားတာဖြစ်လို့ .. မိသားစုနဲ့ အတူကြည့်လို့ အဆင်ပြေမယ့် ဇါတ်ကားမျိုးဖြစ်တယ်ဆိုတာလဲ သတင်းကောင်းပါးအပ်ပါတယ်ခင်ဗျ။
Ip Man Movies တွေနဲ့ ပရိသတ်အားပေးမှုကို တခဲနက်ရရှိခဲ့တဲ့ Director Wan Mai Yip ရဲ့ ကွဲပြားခြားနားတဲ့ ဖန်တီးမှု အသစ်တစ်ခုကို Phantom of the theatre မှာတွေ့ရှိရမှာဖြစ်ပါတယ်။ ၁၉၃၀ ခေတ်ဟောင်းကာလကို အခြေခံရိုက်ကူးထားပြီး ဇါတ်ရုံကြီးတစ်ခုအတွင်းမှာအစုလိုက်အပြုံလိုက် မီးလောင်တိုက်သွင်းပြီး အသတ်ခံခဲ့ရတဲ့.. ပြဇါတ်အဖွဲ့တစ်ဖွဲ့ ရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုကြောင့် ကဇါတ်ရုံကြီးကို ပိတ်ဆို့ထားခဲ့ကြပါတယ်။ နောင် ၁၃ နှစ်အကြာမှာ.... အချိန်အတန်ကြာ ချိတ်ပိတ်ထားခဲ့တဲ့ ဇါတ်ရုံကြီးကို အသစ်ပြန်လည်ပြင်ဆင်မွမ်းမံပြီး ဖွင့်လှစ်ဖို့ ကြိုးပမ်းခဲ့ကြရာက... တပြိုင်နက်တည်းမှာပဲ အသက်ဆုံးရှုံးခဲ့ရတဲ့.. လူတွေရဲ့ မကျွတ်မလွတ်တဲ့ ၀ိဥာဉ်တွေကလဲ သူတို့ ကပ်ငြိနေရတဲ့ ဇါတ်ရုံကြီးထဲမှာ သူတို့ကိုယ်စားအစားထိုးစရာ ဓါးစာခံတွေကို ရှာဖွေဖို့ ဖြစ်လာတဲ့အခါ... Chinese Horror တွေရဲ့ ထုံးစံအတိုင်း.. မိတ်ကပ်ပိုင်းဆိုင်ရာ Lighting ပိုင်းဆိုင်ရာတွေ နဲ့ ပြုပြင်မွမ်းမံထားတဲ့... ခြောက်ခြားစရာ Horrow scene တွေက အသည်းတလှပ်လှပ်နဲ့ ပရိသတ်ကြီးကိုဖမ်းစားထားမှာ ဖြစ်တဲ့အကြောင်း ... ဇါတ်ကြောင်း ခင်းလိုက်ရပါတယ်ခင်ဗျာ။
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
[http://adf.ly/1fJZLP] is good,have a look at it! 610MB
PINK
Imdb - 8.6/10
မင်္ဂလာပါ၊ 2016 ဟာ တဖြည်းဖြည်းနဲ့ ကုန်ဆုံးလာပြီ ဖြစ်သလို ဆန်ကာတင်စာရင်းဝင်မယ့် ရုပ်ရှင်တွေကလဲ အပြိုင်အဆိုင်ထွက်ပေါ်လာပြီဖြစ်ပါတယ်။ up-to-date တွေ မပြတ်ရှာဖွေတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ Admin ကလေး Bro Hein Min Htet မှ အပျံစား Bollywood movie လေးတစ်ခုကို GC ပရိသတ်ကြီးအတွက် ထပ်မံတင်ဆက်ပေးလိုက်ပါပြီခင်ဗျ။ အဓိပ္ပါယ်ပြည့်ဝတဲ့ Movie တစ်ခု ဖြစ်တဲ့အတွက်ကြောင့်.
ရုပ်ရှင်တစ်ကားရဲ့ အနှစ်သာရကို ပိုမိုတန်ဖိုးထားကြည့်ရှုလိုသူများအတွက်တော့.. ကျေနပ်အားရစရာ ရှုစားကြရမှာဖြစ်ပါတယ်။
ရုပ်ရှင်ဇါတ်ကားတစ်ခုလုံးကို ခြုံငုံသုံးသပ်ရရင် Director ရဲ့ ဇါတ်ကားအပေါ်မှာ အာရုံစိုက်ကြိုးပမ်းမှု အတော်လေးကို ထင်သာမြင်သာ ရှိတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေကို မူလ ပင်မ ဇါတ်လမ်းကျောရိုးပေါ်ကနေ သွေဖည်ခြင်းမရှိစေရဘဲ.. မလိုအပ်တဲ့ ပြကွက် ရိုက်ချက်တွေ ထည့်သွင်းထားခြင်းမရှိတာကိုက ဒီ ရုပ်ရှင်ရဲ့ ထူးခြားချက်တစ်ခုလို့ ဆိုရမှာအမှန်ပါပဲ။ Pink မှာ မင်းသားကြီး Amitabh-Bachchan အနေနဲ့ သူ့ရဲ့ အနုပညာစွမ်းရည်ကို သမာသမတ်ကျတဲ့ ရှေ့နေတစ်ယောက်အသွင်နဲ့... အကောင်းဆုံးထုတ်ဖေါ်ပြသနိုင်ခဲ့ပါတယ်။ မျက်နှာအမူအရာ၊ စကားလုံး တိကျပြတ်သားမှုတွေနဲ့ .. မှတ်သားလောက်စရာ Diaogue အတော်များများကို ချက်ကျလက်ကျ ရွတ်ပြသွားနိုင်တာတွေကိုကြည့်ခြင်းအားဖြင့် bollywood ရဲ့ ငွေကြယ်ဖြူတစ်ပွင့် ဟာ ခုထိ အရောင်အဆင်းတောက်ပနေဆဲ လို့ သက်သေပြနေသယောင်ယောင်ပါပဲ။ ကျွန်တော်တို့ ခုလက်ရှိခေတ်အနေအထားနဲ့ လိုက်လျောညီထွေစွာပဲ ရေပေါ်ဆီလူ့အတန်းအစားအချို့ရဲ့ စရိုက်တွေ၊ မင်းစိုးရာဇာတွေနဲ့ ပလဲနံပသင့်အောင်ပေါင်းပြီးအခွင့်အရေးကို အမိအရဆုပ်ကိုင်တတ်သူတွေ နဲ့ ယနေ့ခေတ်လူငယ်တွေရဲ့ စိတ်နေသဘောထား စရိုက်လေးတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင် ခင်းကျင်းထားတဲ့ ဇါတ်ညွှန်းကြောင့်လဲ ရုပ်ရှင်ဟာ ပိုပိုပြီး ကြွတက်လာပါတယ်။ မှောင်မိုက်တဲ့ ညကာလ အချိန်မှာ.. အမျိုးသမီးငယ်သုံးယောက်ဟာ... ဆိုးသွမ်းလူငယ်တစ်စုရဲ့.. အနိုင်ကျင့်စော်ကားခြင်းကို ခံခဲ့ရတဲ့နောက်.... သူမတို့အတွက် တရားမျှတမှု ဥပဒေဟာ အခြေယိုင်နဲ့စရာတွေဖြစ်လာခဲ့ပါတယ်။ ဘာအတွက်ကြောင့်လဲဆိုတာကတော့ အဲဒီ ဆိုးသွမ်းလူငယ်တစ်စုဟာ . နှယ်နှယ်ရရ မဟုတ်ဘဲ သူတို့ရဲ့.. ကျောထောက်နောက်ခံမိဘများဟာ.. အာဏာပိုင်တွေကို ခါးပိုက်ထောင်ထဲထည့်ထားနိုင်တဲ့... အတန်းအစား တွေ ဖြစ်တဲ့အပြင် တရားခွင်မှာ... သူခိုးက လူပြန်ဟစ်သလို မတရားတင်းဆိုလာတဲ့အကြောင်းရင်းတွေကြောင့်ပါပဲ။ Deepak ဟာ.. အပြစ်မဲ့ အမျိုးသမီးငယ်လေး သုံးယောက်ရဲ့ မတရားမှုပပျောက်ဖို့ နဲ့ တရားမျှတဖို့အတွက်. အဆိုပါ အသိုင်းအ၀ိုင်းကို ဆန့်ကျင်ချေပကာကွယ်ပေးရမယ့်... ရှေ့နေတစ်ယောက်အဖြစ်နဲ့ တရားရုံးလေကထဲကို တကျော့ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။ တရားခွင်မှာ အဖက်ဖက်က အားသာနေတဲ့ လူချမ်းသာတွေကို ထိပ်တိုက်ရင်ဆိုင်ရမယ့် Deepak အတွက် ဘယ်လို အချက်အလက်တွေ သက်သေသာဓက တွေ၊ လျှောက်လဲချက်တွေ ဖြစ်ပေါ်လာမလဲဆိုတာ... Pink ရဲ့ အမြင့်မားဆုံး ဇါတ်ရှိန်တွေနဲ့ စိတ်ဝင်စားဖွယ်ရာ ဇါတ်ဝင်ခန်းတွေက.. GC ပရိသတ်ကြီးကို အဖြေဖေါ်ထုတ်ပြသသွားမှာဖြစ်ပါတယ်။ အမျိုးသမီးငယ်လေးတွေရဲ့ လုံခြုံရေး၊ အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် တန်းတူအခွင့်အရေးတွေကို ပညာသားပါပါ ထည့်သွင်းထားတဲ့ ဒီ Movie ကို မှတ်မှတ်ရရ Internation Women day မှာ စတင် အခြေတည်ရိုက်ကူးခဲ့တယ်ဆိုတာကလဲ... ဒီဇါတ်ကားရဲ့ အမှတ်တရဖြစ်စဉ်တစ်ခုဖြစ်ပါတယ်ဆိုတာ အသိပေးပြောကြားရင်း... GC ပရိသတ်ကြီး ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။
[http://adf.ly/1fNHOJ] is good,have a look at it!
BoxOffice
ဒီတစ်ပတ် Box Office ရဲ့ ဝင်ငွေအများဆုံးနံပါတ်တစ်နေရာက Miss Peregrine’s Home for Peculiar Children ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီဇာတ်ကားလေးမှာ Jake Portmen ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ စိတ်ကူးယဉ်ဇာတ်လမ်းတွေထဲကလို ဘယ်လိုမှမဖြစ်နိုင်တဲ့ အံ့သြထိတ်လန့်စရာ အဖြစ်အပျက်တွေနဲ့ ပြည့်နှက်နေတဲ့ တကယ်အစစ်အမှန်ဘဝလို့ထင်ရတဲ့ စိတ်နယ်လွန်လောကထဲကို ရောက်သွားတဲ့ဇာတ်လမ်းပါ။ သူဟာ ထူးဆန်းတဲ့စွမ်းအားတွေရှိတဲ့ ဆယ်ကျော်သက်အရွယ် ကောင်မလေးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ရပြီး အဲဒီကောင်မလေး ရဲ့ အိမ်ကို ရောက်ရှိသွားကာ တစ်မူထူးခြားပြီး မနှစ်မြို့ချင်စရာကောင်းလှတဲ့ ကလေးငယ်လေးတွေနဲ့ ဆုံတွေ့ခဲ့ရပါတယ်။ အဲဒီအိမ်ကြီးထဲရောက်သွားတဲ့ Jake ဟာ သူ့အတွက် အန္တရာယ်တွေ ပိုပိုပြီး ကြုံလာရတဲ့အခါ သူ ဘယ်လို ပြန်လည်ခုခံကျော်လွှားမလဲဆိုတာကတော့.... မြင်နေတွေ့နေကျ အထူးပြုလုပ်ချက်တွေကနေ ခွဲထွက်ထားသလို၊ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ ထူးထူးဆန်းဆန်းကိစ္စတွေကို ဒီဇာတ်ကားထဲမှာ မြင်တွေ့နိုင်ပါတယ်။ ဒါရိုက်တာ Tim Burton ရိုက်ကူးပြီး လျှို့ဝှက်ဆန်းကြယ် ဒီဇာတ်ကားဟာ Trailer ကြည့်ရုံနဲ့တင် တော်တော်စိတ်ဝင်စားစရာကောင်းနေပါပြီ။ စတင်ပြီး ရုံတင်ချိန် စက်တင်ဘာ ၃၀ ကစလို့ ဒီနေ့အထိ စုစုပေါင်းဝင်ငွေ ၂၈.၉ သန်းအထိ ရရှိခဲ့တဲ့ ဒီ Miss Peregrine’s Home for Peculiar Children ဇာတ်ကားဟာ Box Office ရဲ့ ပထမနေရာမှာ ရောက်ရှိနေတဲ့ကားပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရုံတင်ရင်တော့ Horror ဇာတ်လမ်းကြိုက်သူတွေ၊ လျှို့ဝှက်သည်းဖို ကြိုက်သူတွေ ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားဆိုတာ ညွှန်းလိုက်ပါရစေ... ဒီဇာတ်ကားလေးမှာ ပါဝင်တဲ့သရုပ်ဆောင်တွေက Miss Alma LeFay Perigrine အဖြစ် Eva Green Jake Portman အဖြစ် အသက် ၁၉ နှစ်သာရှိသေးတဲ့ Asa Butterfield Ella Purnell အဖြစ် Emma Bloom Barron အဖြစ် Samuel L. Jackson Miss Avocet အဖြစ် Judi Dench Ornithologist အဖြစ် Rupert Everett တို့ ပါဝင်သရုပ်ဆောင်ထားပြီး တခြားသရုပ်ဆောင်များစွာလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Credit to- Sky Land News & Media
[http://adf.ly/1fPRjG] is good,have a look at it! 350
https://my.pcloud.com/publink/show?code=XZ9LSCZcidNVcsBb24zfkUsFdL9kbin49jV
DABANGG
Imdb - 6.3/10
မင်္ဂလာပါ၊ Salman Khan ရဲ့ action တွေ ကြိုက်နှစ်သက်သူတွေအတွက်... 2010 ခုနှစ်ပိုင်းဆီက.. သူ့ရဲ့ နာမည်ကျော်ကြားခဲ့တဲ့ ကားဟောင်းလေးတစ်ကားကို ရွေးချယ်ထားပါတယ်။ Awards တွေတစ်သီကြီးနဲ့
အဘက်ဘက်က ထောက်ပြစရာမရှိအောင် အကွက်စေ့စေ့ တင်ဆက်ထားတာဖြစ်တဲ့အတွက်.. ရသစုံ ရုပ်ရှင်ကားတွေကို ကြိုက်နှစ်သက်သူတွေအတွက်.. စိတ်ကျေနပ်စရာ ကောင်းမွန်တဲ့ ရုပ်ရှင်ကားကြီးတစ်ခုဖြစ်ပါတယ်ခင်ဗျ။
Bollywood movie တွေအားသာတဲ့ ခေါက်ရိုးကျိုး drama တွေလို.. မင်းသားဖြစ်သူကို ဇါတ်နာအောင် အရမ်းကြီး ဖိနှိပ်ထားတာမျိုး မဟုတ်ဘဲ ကြည့်ရှုသူရဲ့ရင်ထဲကို ကရုဏာသက်စရာဖြစ်အောင် သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ Salman Khan ရဲ့ အနုပညာစွမ်းရည်ကတော့ အထူးပြောစရာမလိုအောင် ကောင်းမွန်ပြီးသားဖြစ်ပါတယ်။ သူရဲကောင်းဆန်ဆန် တိုက်ခိုက်သတ်ပုတ်ခန်းတွေနဲ့ ဟာသလေးတွေ အလိုက်သင့် နှောထားတဲ့ Dabangg မှာ.. ငယ်စဉ်ကတည်းက ပထွေးဖြစ်သူနဲ့ သူ့ရဲ့သား ဖြစ်သူတို့ အဖိအနှိပ်ကို ခံခဲ့ရတဲ့ လူငယ်လေးတစ်ယောက်.... အရွယ်ရောက်တဲ့အခါ ရဲဝန်ထမ်းအဖြစ်ကိုခံယူရင်း ငယ်စဉ်ကတည်းက ရရှိခဲ့တဲ့ စိတ်ဒါဏ်ရာတွေအတွက်... ကိုယ်ပိုင်နည်းကိုယ်ပိုင်ဟန် နဲ့ မတရားမှုသမျှကို ချေပရင်း.. အမှန်တရားဘက်တော်သား တစ်ယောက်အဖြစ် ရပ်တည်ခဲ့ပုံတွေ .. အကျင့်ပျက်ဝန်ထမ်းတွေ နိုင်ငံရေးလောကသားတွေအထိပါ ... ဆန့်ကျင်တိုက်ခိုက်ခဲ့ပုံတွေကို မင်းသားကြီးရဲ့ ရိုးရာမပျက် action ခန်းတွေ Romatic scene လှလှလေးတွေနဲ့.. ချစ်ပရိသတ်ကြီးအတွက် ငြီးငွေ့ဖွယ်မရှိတဲ့ ရုပ်ရှင်ကားကြီးတစ်ခုကို GC ပရိသတ်ကြီးအတွက်လက်တို့လိုက်ပါတယ်ခင်ဗျား။
[ရွှင်လန်းချမ်းမြေ့ကြပါစေ]
[http://adf.ly/1fIDu6] is good,have a look at it!
THREE
91% Rotten Tomatoes
မင်္ဂလာပါ၊ Action ဇါတ်လမ်းကောင်းကောင်းလေး ဇါတ်အိမ်ဆန်းဆန်းလေး ကြည့်ရှုလိုကြတဲ့ ပရိသတ်တွေအတွက် ဟောဒီ Chinese Movie လေးက အသင့်တော်ဆုံးဖြစ်မှာပါ။ ဆရာဝန်တစ်ယောက်၊ ရဲတစ်ယောက်နဲ့ လူရှုပ်တစ်ယောက်ရဲ့ သုံးပွင့်ဆိုင် criminal ဇါတ်ကြောင်းလေးက ကြည့်နေကျ Action ကားတွေနဲ့ မတူဘဲ. သဘာဝကျကျ အချိတ်အဆက်မိမိ ရိုက်ကူးထားတာကို ရှုစားကြရမှာဖြစ်ပါတယ်။
Three မှာ.. အဓိက ဝေဖန်ရေးဆရာအများစုရဲ့ ကောင်းချီးသြဘာကို ခံယူခဲ့ရတာကတော့ ဇါတ်ဆောင်သုံးယောက်လုံးရဲ့ အနုပညာစွမ်းရည်လို့ ဆိုရမှာပါပဲ။ မင်းသားမင်းသမီးတွေ အဖြစ်ကို မေ့လျော့ပြီး ဇါတ်လမ်းထဲမှာ ပါဝင်စီးမျောသွားနိုင်အောင် အကောင်းဆုံး လုပ်ပြနိုင်ခဲ့ကြတာမို့.. ဒီလို သရုပ်ဆောင်မျိုးတွေ မြန်မာပြည်မှာ အများအပြားပေါ်ထွန်းလာပါစေလို့ ဆန္ဒတောင်ပြုမိပါတယ်။ :D ဒါ့အပြင် Hong Kong Action Movie တွေအတော်များများရဲ့ ဖန်တီးရှင် Director Jonnie To ရဲ့ လက်ရာကားသစ်တစ်ခုဆိုတဲ့ အချက်ကလဲ.. ကျွန်တော်တို့အတွက်တော့ ဆွဲဆောင်မှုတစ်ခုပါပဲ။
ဦးခေါင်းမှာ ကျည်ဆန်ဒါဏ်ရာတစ်ခု နဲ့ ဆေးရုံပေါ်ကို ရဲတွေက ပို့လိုက်တဲ့ လူနာတစ်ယောက်၊ လူနာတွေအတွက် ဆရာဝန်တစ်ယောက်ရဲ့ ကျင့်ဝတ်အပြည့်နဲ့ လူပီသပေးချင်တဲ့ ဆရာဝန်မလေးနဲ့ ဥပဒေကလွဲရင် ဘယ်သူ့မျက်နှာကိုမှ မကြည့်တတ်တဲ့ ရဲအရာရှိကောင်းတစ်ယောက်တို့ တွေ့ဆုံကြတဲ့အခါ...သူတို့တွေရဲ့ ကြားထဲက စိတ်ဓါတ်ရေးရာ အားပြိုင်မှုတွေဟာ စိတ်ဝင်စားစရာ ဇါတ်ဝင်ခန်းတွေအဖြစ်ကို ကူးပြောင်းလာပါတယ်။ ဘယ်လိုပဲ ဆေးကုသမှု ခံယူဖို့တိုက်တွန်းပါစေ.. ၊ ယုတ်စွအဆုံး ဖမ်းဆီထိန်းသိမ်းနိုင်ဖို့ထက်... ဒါဏ်ရာအခြေအနေအရ ခွဲစိတ်ကုသဖြစ်ဖို့ ဖိအားဘယ်လောက်ပေးပေး အကြောက်အကန်ငြင်းဆန်နေတဲ့ ရာဇ၀တ်သားဟာ ဘာကြောင့်များ ဆေးကုသမှု မခံယူချင်ရသလဲဆိုတဲ့အချက် ဇါတ်လမ်းရဲ့ အချိုးအကွေ့မှာ.. ဒီလို ဆေးရုံပေါ်ကို မရောက်ရောက်လာအောင် သူကိုယ်တိုင်က အနာခံပြီး ကြံစည်ခဲ့တာများဖြစ်နေမလားရယ်လို့ အတွေးပွားစရာတွေနဲ့ ကြည့်ရှုသူကို ပြန်လည်ပြီး မေးခွန်းထုတ်လာမှာဖြစ်ပါတယ်။ အဲဒီလို
စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတဲ့ Three ဟာ... အစားအစာတစ်ခုကို တဖြည်းဖြည်းချင်း အရသာခံစားရသလို.. ဖြည်းဖြည်းချင်း ရင်ထဲကို တစိမ့်စိမ့်တိုးဝင်လာမယ့် Thriller Movie တစ်ခု ဖြစ်တာကြောင့် အလိုက်သင့်လေး အေးအေးဆေးဆေး ကြည့်ရှုခံစားသင့်ပါကြောင်းခင်ဗျာ။
[http://adf.ly/1fL8Pz] is good,have a look at it!
ရေသူမ
မြန်မာစာတန်းထိုး
ကိုရီးယားဒရမ်မာချစ်သူအားလုံးစောင့်မျှော်နေကြတဲ့ မင်းသားလီမင်းဟိုနဲ့ မင်းသမီး ဂျွန်ဂျီယောင်းတို့ရဲ့ ဟာသဇာတ်မြူးအချစ်ဇာတ်လမ်း လာပါပြီ။ ကိုရီးယားရာဇ၀င်ဇာတ်လမ်းတွေထဲမှာ လူပြောများကြတယ်လို့ ဆိုထားတဲ့ ဂျိုဆွန်းခေတ်ကဇာတ်လမ်းနဲ့ ယနေ့ခေတ် ၂၁ ရာစုဇာတ်လမ်းကို ပေါင်းစပ်မွှေနှောက်ထားတဲ့ ဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်။ ဂျိုဆွန်းခေတ်တုန်းက တံငါသည်တစ်ဦးဟာ ရေသူမတစ်ကောင်ကို ဖမ်းမိခဲ့ရာကနေ စတင်လာတဲ့ ဇာတ်လမ်းတစ်ပုဒ်ဟာ အဲဒီခေတ်မှာ ဟိုးလေးတကျော်ဖြစ်သွားခဲ့ပါတယ်။ ရေသူမဆိုတာ လူသားတွေရဲ့ ၀ိညာဉ်ကိုနှုတ်ပြီး မှတ်ဥာဏ်တွေကို ဖျက်ဆီးပစ်လိုက်တယ်လို့ အဆိုရှိကြပေမယ့် ဆိပ်ကမ်းမြို့လေးတစ်ခုကို မြို့တော်ဝန်အနေနဲ့ တာဝန်ကျလို့ ရောက်လာတဲ့ အမျိုးသားတစ်ဦးနဲ့ ရေသူမလေးတစ်ဦးတို့ရဲ့ ဆွတ်ပျံ့လွမ်းမောဖွယ် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာတော့ မျက်လှည့်ပညာရှင် ဟောဂျွန်းဂျယ် (လီမင်းဟို) ရဲ့ ဖမ်းဆီးမှုကိုခံလိုက်ရတဲ့ ရေသူမ ချစ်သူအဖြစ် ရှင်းချောင် (ဂျွန်ဂျီယောင်း) က သရုပ်ဆောင်မှာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်နှောင်းပိုင်းကတည်းက ဒရမ်မာဇာတ်လမ်းတွေနဲ့ အလှမ်းကွာနေခဲ့တဲ့ လီမင်းဟိုနဲ့ ကိုရီးယားကြော်ငြာမင်းသမီးရယ်လို့ တင်စားကြတဲ့ မင်းသမီး ဂျွန်းဂျီယောင်းတို့ ဘယ်လို အတွဲညီညီသရုပ်ဆောင်မယ်ဆိုတာ ဇာတ်လမ်းလေးကို ဆက်လက်ရှုစားပေးပါခင်ဗျာ။
[http://adf.ly/1fo3nM] is good,have a look at it! 1
[http://adf.ly/1fpu5L] is good,have a look at it! 2
[http://adf.ly/1g2i8L] is good,have a look at it! 3
[http://adf.ly/1g57T4] is good,have a look at it! 4
[http://adf.ly/1gHSle] is good,have a look at it! 5
18+movies
၁၈+ ကို ဇါတ်လမ်းလေးနဲ့ မှ ကြည့်ရတာအရသာရှိတာလို့ ဆိုစမှတ်ပြုကြတဲ့ ညီအစ်ကိုတွေအတွက် နည်းနည်း ကြက်သီးမွှေးညင်းလေး ထရုံလေး ကောင်းမွန်တဲ့ Movie လေးတစ်ခု ရှာဖွေထားပါတယ်။ ၁၈+ အမာခံ ပရိသတ်တွေကြားမှာ တစ်ကားဆို ဆိုသလောက် ထိုးဖောက်အားကောင်းတဲ့ Korea ကားတွေရဲ့ ရိုက်ကွင်းရိုက်ကွက်တွေကတော့.. ဆွဲဆောင်မှုအပိုင်းမှာ ဆရာကျလွန်းပါတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
မကောင်းမှု ဆိတ်ကွယ်ရာမှာဖောက်လွဲဖောက်ပြန်ဖြစ်တတ်တဲ့ လူ့စိတ်သဘောမနောကို အခြေခံလေ့ရှိတဲ့ 18+ movie တွေရဲ့ ထုံးစံအတိုင်း ဇါတ်လမ်းတစ်လျှောက်မှာ... လူငယ်လေးတစ်ယောက်နဲ့ အရွယ်တင်အမျိုးသမီးကြီး တစ်ဦးရဲ့ လူမှုရေးဖောက်ပြန်မှုတွေကို လှလှပပ ရိုက်ကူးပြသထားပါတယ်။ ရမ္မက်စိတ်ပြင်းထန်တဲ့... လူနှစ်ယောက်ရဲ့ ပေါင်းစည်းမှုမှာ... ဖြစ်ပေါ်လာတဲ့ ကိလေသာ အမှောင်ခန်းတွေကတော့. ဇါတ်ကား အစမှ အဆုံး... မှင်သက်ရလောက်အောင် ဖြစ်စေနိုင်တယ်လို့ ဆိုချင်ပါတယ်။ ခန္ဓာကိုယ် အစိတ်အပိုင်း အတော်များများကို အသားပေးရိုက်ကူးခံခဲ့တဲ့ မင်းသမီးကြီးရဲ့ ရှိုက်ဖိုကြီးငယ်အသွယ်သွယ်ကိုတော့ ... ညီအစ်ကိုများ စိတ်ရောကိုယ်ပါ နှစ်ပြီး မကြည့်ကြဖို့ ကြိုပြီး တောင်းဆိုထားပါရစေ။ :P
[ ရွှင်လန်းချမ်းမြေ့ကြပါစေ ]
[http://adf.ly/1fTsX3] is good,have a look at it!
SALEM
သွေးမုန်တိုင်းနှင့် စုန်းမမြို့တော် (သို့မဟုတ်) Salem (Tv Series) 18+
imdb Rating -7.2/10
အေဒီ ၁၇ ရာစုတုန်းက အမေရိကန်ပြည်ထောင်စုမှာ တကယ်ရှိခဲ့တယ်ဆိုတဲ့ စုန်းမတွေအကြောင်းကို အခြေပြုပြီး ရိုက်ကူးထားတဲ့ ဇာတ်လမ်းတွဲပါ။
လူစိတ်ဝင်စားမှုများတဲ့ စီးရီးကောင်းတစ်ခုဖြစ်ပြီး IMDB 7.2/10 ရရှိထားလို့ ကြည့်ရကျိုးနပ်မယ့် ဇာတ်လမ်းတွဲဖြစ်ပါတယ်။ Dark Age အခြေပြု ဇာတ်လမ်းတွေရဲ့ ထုံးစံအတိုင်း 18+ အခန်းတွေလဲ မကြာခဏဆိုသလို မြင်တွေ့ရပါတယ်.။
အဲ့ဒီ့ခေတ်က စုန်းကဝေပညာ မိစ္ဆာပညာကို အင်မတန်ထိတ်လန့်ကြောက်ရွံ့ကြပြီး စုန်းမလို့ အသမုတ်ခံရရင်ကို တိုင်မှာချည်ပြီးမီးရှို့သတ်လေ့ရှိကြပါတယ်. ။ဒီလိုဖိနှိပ်မှု့တွေပြင်းထန်နေတဲ့ အချိန်ကာလတစ်ခုမှာ လူသားတွေ သဘာဝဆန်းကြယ် မိစ္ဆာကောင်တွေနဲ့ စုန်းတွေရဲ့ ကြားမှာ ပဋိပက္ခတွေကြား ငြိမ်းချမ်းမှု့ဆိုတာကို ဖော်ကျူးပေးမယ့် စုန်းမလေးတစ်ယောက်ပေါ်လာပါတယ်။ ရှေးခေတ်ပါးစပ်ရာဇ၀င်တွေအရ အပျင်းပြေလူသားတွေဆီသွားပြီး မီးအ၇ှို့ခံတယ်တယ်ဆိုတဲ့ အင်မတန်တန်ခိုးကြီးလှတဲ့ မေရီဆိုတဲ့ စုန်းမတစ်ဦးရဲ့ ဘ၀ဇာတ်လမ်းတစ်ခုပါ.။
ဒီဇာတ်လမ်းမှာတော့ မြို့လေးကိုထိန်းချုပ်ပြီး အောက်လမ်းစွမ်းအင်နဲ့ အစီအမံတွေနဲ့ သတ်ကွင်းတစ်ခုအဖြစ်ဖန်တီးမယ့် အောက်လမ်းမိစ္ဆာကောင်တွေရဲ့ ရန်ကနေ အကာအကွယ်ပေးတဲ့ မေရီကို စတင်မိတ်ဆက်အနေနဲ့မြင်တွေ့ရမှာပါ.။ အခြား Horrorာတ်လမ်းတွေနဲ့ မတူခွဲထွက်ထားပြီး ရက်စက်မှု့ ပြင်းထန်တဲ့ ခြောက်လန့်မှု့တွေနဲ့ အတူ ကြောက်လန့်ဖွယ်ရသလည်းပေးပြီး
စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးပြသထားတဲ့ ဇာတ်လမ်းတွဲဖြစ်လို့ ကြည့်ရှုသင့်ပါတယ်။ သရဲကားလိုမျိုးလည်း သက်သက်ကြီးခြောက်လှန့်နေတာမဟုတ်ပဲ
အသည်းတယားယားနဲ့ အိပ်ခါနီးမှ ပြန်ပြန်တွေးမိလောက်အောင် ပညာသားပါပါရိုက်ကူးထားတဲ့ဇာတ်လမ်းတွဲလေးမို့ တမူထူးခြားတဲ့ရသ ခံစားလိုသူတွေအတွက်တော့ ရွေးချယ်စရာဇာတ်လမ်းကောင်းတစ်ခုဖြစ်ပါတယ်။ 2014 ခုနှစ်က စတင်ပြသခဲ့တဲ့စီးရီးတစ်ခုဖြစ်ပြီး Goldchannel ပရိတ်သတ်ကြီးအတွက်ရွေးချယ်စရာကောင်းတစ်ခုဖြစ်မှာပါ..။
[http://adf.ly/1eIFmK] is good,have a look at it! 1
[http://adf.ly/1eILeG] is good,have a look at it! 2
[http://adf.ly/1eM2RN] is good,have a look at it! 3
[http://adf.ly/1eM2WZ] is good,have a look at it! 4
[http://adf.ly/1edPFS] is good,have a look at it! 5
[http://adf.ly/1edPKC] is good,have a look at it! 6
MOHENJO DARO
ဒီနေ့ မှာတော့ အိန္ဒိယစွန့်စားခန်း အချစ်ဇာတ်လမ်းလေးအကြောင်း ဖော်ပြပေးလိုက်ပါတယ်။ ဇာတ်လမ်းကို ဘီစီ ၂၀၁၆ ကာလမြင်ကွင်းနဲ့ အစပြုထားပြီး ဆာမန်းနဲ့ ဟိုဂျိုတို့သူငယ်ချင်းနှစ်ယောက်ဟာ အမ်ရီဆိုတဲ့ ရှေးဟောင်းရွာလေးမှာ နေထိုင်သူတွေပါ။ တစ်ရက်မှာတော့ လှေနဲ့ မြစ်ကျောင်းတစ်လျှောက်သွား လာကြရင်း မိကျောင်းသုံးကောင်နဲ့ ထိပ်တိုက်တွေ့ခဲ့ကာ ဆာမန်းက အကြီးဆုံးမိကျောင်းကို သတ်ဖြတ်နိုင်ခဲ့ပါတယ်။ ငယ်ငယ်လေးကတည်းက မိဘနှစ်ပါးဆုံးရှုံးခဲ့ရတဲ့ အကြောင်းအရာဟာ ဆာမန်းကို ယနေ့အထိ ခြောက်လှန့်နေပြီး မိုဟန်ဂျိုဒါရိုမြို့က ဦးချိုတစ်ခုတည်းပါတဲ့ ထူးဆန်းတဲ့ သတ္တဝါကြီးအကြောင်းကိုလည်း မကြာခဏအိပ်မက်မက်ခဲ့ပါတယ်။တစ်ရက်မှာတော့ ဆာမန်းဟာ ဦးလေးဖြစ်သူ တားနေတဲ့ကြားကနေပဲ မိုဟန်ဂျိုဒါရိုကိုသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီမြို့ဟာ ကြမ်းတမ်းရက်စက်တဲ့အပြင် ဘယ်သူ့ကိုမှ မယုံကြည်ရတဲ့အကြောင်း သူ့ဦးလေးက သတိပေးခဲ့ပြီး သေရေးရှင်ရေးကြုံတဲ့အခါမှာ သုံးဖို့အတွက် အဆောင် ပစ္စည်းတစ်ခုပေးခဲ့ပါတယ်။မိုဟန်ဂျိုဒါရိုမြို့ကို အာဏာရှင်မာဟမ်နဲ့ သူ့သားဖြစ်တဲ့ ကောက်ကျစ်စဉ်းလဲတဲ့ မွန်းဂျာတို့က အုပ်ချုပ်နေတာပါ။ ဆာမန်းဟာ မိုဟန်ဂျိုဒါရိုက ဩဇာရှိဘုန်း တော်ကြီးရဲ့ သမီးဖြစ်တဲ့ ချာနီဆို တဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။အာဏာရှင်မာဟမ်ရဲ့ အခွန်အကောက်သစ်တွေကို ဆန့်ကျင်ကြတဲ့ ဘယ်သမားအဖွဲ့တွေကို မာဟမ်ရဲ့ စစ်သားတွေက အပြတ်ရှင်းပစ်ရာမှာ ဆာမန်းက ဝင်ကူခဲ့ပါတယ်။ ချာနီကိုလည်း မြင်းတွေကြားထဲက ကယ်တင်ခဲ့ပြီးတဲ့နောက် နှစ်ဦးသား ချစ်သွားခဲ့ကြပါတယ်။ ချာနီဟာ ကောက်ကျစ်တဲ့မွန်းဂျာနဲ့ လက်ထပ်ဖို့အတွက် အတင်းအဓမ္မစေ့စပ်ခံထားရတာပါ။ နောက်တော့ ဆာမန်းဟာ မာဟမ်ဆန့်ကျင်ရေး အဖွဲ့ခေါင်းဆောင်ဖြစ်ခဲ့ပြီး မာဟမ်က ဆာမန်းကို သတ်ပစ်ချင်ပေမယ့်လည်း အလောင်းအစားတိုက်ပွဲတစ်ခု စိန်ခေါ်ခဲ့ပြီး ဆာမန်းနိုင်ခဲ့ရင် ချာနီကို လွတ်လပ်ခွင့်ပေးမယ့်အကြောင်း သဘောတူခဲ့ပါတယ်။မကောင်းဆိုးဝါးမာဟမ်က ဆာမန်းကို ဘယ်လိုစိန်ခေါ်မှုတွေလုပ်ခဲ့တာလဲ၊ ဆာမန်းနဲ့ မိုဟန်ဂျို ဒါရိုက ဘယ်လိုဆက်စပ်မှုတွေရှိနေတာလဲ၊ ချစ်သူနှစ်ဦးကော ပေါင်းစည်းခွင့်ရကြမှာလားဆိုတာ ဆက်ကြည့်လိုက်ပါဦး။ ရှေး ဟောင်းနောက်ခံ အချစ်ဇာတ်ကားလို့ဆိုပေမယ့်လည်း အက်ရှင်ဇာတ်ကွက်လေးတွေပါတာမို့ ပရိသတ်တွေသဘောကျမှာပါ။
(ရုပ်ရှင်အညွှန်းကို 7Daydaily.com မှကူးယူဖော်ပြပါသည်။)မင်းသားကတော့ လက်ပွားမင်းသား (Hrithik Roshan) ဖြစ်ပြီး မင်းသမီး Pooja Hegde နှင့်အခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ IMDB (6.3/10) ပါ။(ဒီဇာတ်ကားကို Nyi Thanlwin Phyo Pyae မှဘာသာပြန်တင်ဆက်ထားတာပါ။)
[http://adf.ly/1exI9Y] is good,have a look at it!
https://my.pcloud.com/publink/show?code=XZK4SCZAxk1jGqRKW4Ki3kzkLzNzuksgn6V
pK
Tomatoes (93%)ဒီဇာတ်ကားကတော့ ၂၀၁၄ ခုနှစ်ရဲ့ အကောင်းဆုံး ဘောလိဝုဒ်ဇာတ်ကားအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ကမ္ဘာနှင့်အဝှမ်း ဝင်ငွေများစွာရရှိခဲ့ပြီး စံချိန်တွေလဲချိုးခဲ့တဲ့ နာမည်ကြီးဇာတ်ကားပါ။ဘာသာတရား အယူဝါဒတွေနဲ့ပတ်သက်လို့ မေးခွန်းထုတ်ခဲ့ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ ပွက်လောရိုက်အောင်ကိုငြင်းခုန်ခဲ့ကြပါတယ်။မင်းသား Aamir Khan ရဲ့မှတ်တိုင်ဖြစ်ခဲ့ပြီး မင်းသမီးကတော့ Anushka Sharma ဖြစ်ပါတယ်။
[http://adf.ly/1euE5o] is good,have a look at it! 520 mb
[http://adf.ly/1euE1G] is good,have a look at it! 360mb