Flint Lockwood နဲ့ သူ့သူငယ်ချင်းတွေဟာ သူတီထွင်ဖန်တီးခဲ့တဲ့ FLDSMDFR ဆိုတဲ့ ရေခိုးရေငွေ့ ကနေ အစားအစာထုတ်လုပ်ပေးတဲ့ စက်က ပုံမှန်အရွယ်အစားထက် အဆမတန်ကြီးမားတဲ့ စားစရာတွေကိုထုတ်လုပ်နေတဲ့အတွက် ဖျက်ဆီးလိုက်ပါတယ်… သူတို့ရဲ့ စိတ်ကူးထဲမှာတော့ သူတို့နေထိုင်ရှင်သန်ခဲ့တဲ့ ကျွန်းကလေး ကို ပြန်လည်ရှင်သန်လာအောင် ပြန်တည်ဆောက်ပြီး ဝါသနာပါတဲ့တီထွင်ဖန်တီးမှု့တွေ လုပ်ကိုင်ရင်း အေးချမ်းစွာ နေထိုင်မယ်လို့ စဉ်းစားနေချိန်မှာပဲသူငယ်စဉ်ကတည်းက လေးစားအားကျခဲ့ရတဲ့ Chester-V ရောက်ရှိလာခဲ့ပြီး ကျွန်းကလေး သန့်ရှင်းစေဖို့ တာဝန်ယူမယ်လို့ပြောဆိုကာ တလက်စတည်း သူ့ရဲ့ Live Corp မှာ ဝင်ရောက်လုပ်ကိုင်စေခဲ့တယ်… မကြာခင်မှာပဲ Chester-V ဟာ ကျွန်းကလေးမှာ ကျန်ရှိနေခဲ့တဲ့ Flint ရဲ့ FLDSMDFR လေးကို ရှာမတွေ့နိုင်လို့ အခက်အခဲတွေ့နေရကြောင်း ပြောဆိုကာ FLDSMDFR ကိုရှာဖွေပြီး ရပ်တန့်သွားအောင် လုပ်ပေးဖို့ Flint ကို တာဝန်ပေးအပ်ခဲ့ပါတယ်… တကယ်တမ်း ပြသနာဟာ FLDSMDFR ကနေ အစားအစာ နဲ့ သီးနှံတွေကို သက်ရှိသတ္တဝါတွေ အဖြစ်နဲ့ မွေးထုတ်ပေးနေတာပဲ ဖြစ်ပါတယ်…ကြောက်စရာကောင်းတဲ့ ဘာဂါကြီးတွေ ၊ ပီဇာကြီးတွေ နဲ့ သူတို့လုံးဝမထင်မှတ်ထားတဲ့ ချစ်စရာကောင်းတဲ့ စတော်ဗလ်ရီသီးလေးတွေ … ရေကူးနေတဲ့ ကျောက်ဖရုံသီးတွေနဲ့ ပြေးလွှားတတ်တဲ့ ငှက်ပျော်သီးတွေလဲ ပါတာပေါ့..Flint ဟာ FLDSMDFR ကို သကြားလုံးတောင်ကြီးပေါ်မှာ ရှာဖွေတွေ့ရှိခဲ့ပြီး Chester-V ရဲ့ စေခိုင်းချက်အတိုင်းလုပ်ဆောင်အပြီးမှာတော့ …
IMDb မှာ 6.5/10 ရရှိထားပြီး လူကြီးရော လူငယ်ပါ စိတ်ချမ်းမြေ့စွာ ကြည့်ရှု့နိုင်တဲ့ ကားကောင်းလေး တကားပါပဲ… စားစရာတွေ သီးနှံတွေကို သက်ရှိတွေ ဖြစ်အောင်သာမက မထင်မှတ်ထားတဲ့ သက်ရှိပုံစံမျိုးရအောင် စဉ်းစားရေးဆွဲထားပြီး စိတ်ကြိုက်ဖြစ်စေမယ့် ကားတကား ဖြစ်ပါကြောင်း…
https://my.pcloud.com/publink/show?code=XZNkrfZWBJX95qMBT7eq9E4LaURi7UsYbUk