The Scent (2012)

The Innocent Man ကိုရီးယားဇာတ်လမ်းတွဲထဲမှာ မိန်းမမာယာတွေကို အပြည့်အဝအသုံးချတဲ့ဇာတ်ဆောင်အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီး Park Si‑yeon ကိုဒီဇာတ်ကားထဲမှာလဲညှို့အားပြင်းဇာတ်ဆောင်အဖြစ်တွေ့မြင်ရဦးမှာပါ။မင်းသားကတော့ Hee‑soon Park ပါ။ဒီဇာတ်ကားကိုကြည့်ပြီးရင် မင်းသမီး Park Si‑yeon ကိုမှတ်မှတ်ရရရှိသွားဖို့များပါတယ်။ဇာတ်လမ်းကတော့….စုံထောက် Kang Seon‑woo ဟာ အိမ်ထောင်ရေးပြသနာတွေကိုဖြေရှင်းပေးနေတဲ့ အလွတ်စုံထောက်အလုပ်ကို တစိုက်မတ်မတ်လုပ်သူပါ…တစ်နေ့မှာတော့ Kim Soo‑jin ဆိုတဲ့အမျိုးသမီးတစ်ယောက်ရောက်လာပြီး သူ့ယောက်ျားဖောက်ပြန်နေကြောင်းနဲ့ အဲ့ဒီ့အတွက်စုံစမ်းစစ်ဆေးမှုလုပ်ဖို့ အလုပ်တစ်ခုလာအပ်ပါတယ်….စုံစမ်းစစ်ဆေးဖို့သွားကြတဲ့ညမှာပဲ စုံထောက် Kang Seon‑woo တစ်ယောက် မိန်းမမာယာနဲ့လုပ်ကြံခံလိုက်ရပါတယ်…သူနှိုးလာတော့ သူ့ဘေးမှာအလောင်းနှစ်လောင်းနဲ့ အရှုပ်ထုပ်ထဲ ချောက်ကျပြီဆိုတာသိလိုက်ရပါတယ်…ဒီကိစ္စကိုဖြေရှင်းကိုအစွမ်းကုန်ကြိုးစားရင်း မင်းသမီး Park Si‑yeon နဲ့အပြိုင်အဆိုင် သူနိုင်ကိုယ်နိုင်ကျဲကြရမယ့် ဇာတ်လမ်းမျိုးပါ။ဟာသမင်းသား Lee Kwang‑soo လဲပါဝင်ထားတာကြောင့် ဇာတ်လမ်းကသွက်ပါတယ်….မင်းသမီး Park Si‑yeon ရဲ့ Nude Scene တချို့ကြောင့် (18+) ဖြစ်သွားပေမယ့် ဇာတ်လမ်းကတော့ အတော်စိတ်ဝင်စားဖို့ကောင်းတဲ့ စုံထောက်ဆန်ဆန်ဇာတ်လမ်းမျိုးပါ။IMDb Rating (5.7/10)ရရှိထားတဲ့ ကိုရီးယားဇာတ်ကားဖြစ်ပါတယ်။



https://my.pcloud.com/publink/show?code=XZHrUBZARGpSDpROwBUY6xcfl4ObB8htF4V