Trespass (2011) မြန်မာစာတန်းထိုး
၂၀၁၁ ခုနှစ်ထုတ် ဒီဇာတ်ကားလေးမှာ မင်းသားကြီး နစ်ကိုးလပ်စ်ကေ့ခ်ျနဲ့ မင်းသမီး နစ်ကိုးလ်ကစ်ဒမင်တို့ ဦးဆောင်ပါဝင်ထားပြီး ရတနာကုန်သည် သူဋ္ဌေးတစ်ဦးအိမ်ကို ဖောက်ထွင်းဝင်ရောက်ကြရာက မိသားစုအချင်းချင်း ကာကွယ်ပေးရပုံကို ပြသထားပါတယ်။ စိန်ကုန်သည်ကြီး kyle ဟာ ဇနီးနဲ့ သမီးအတွက်အချိန်မပေးနိုင်လောက်အောင် အလုပ်များသူဖြစ်ပြီး အိမ်ထောင်ရေးနဲ့ မိသားစုအရေးမှာ ပြသနာကြုံနေရသူပါ။ တစ်နေ့မှာ သူ့သမီးလေးအိမ်က ထွက်သွားချိန်မှာပဲ လူဆိုးတစ်သိုက်က အိမ်ကိုဖောက်ထွင်းဝင်ရောက်လာပြီး သူတို့ကို ဓားပြတိုက်ပါတော့တယ်။ အဲဒီအချိန်မှာ မထင်မှတ်ထားတဲ့ အချိုးအကွေ့တွေ၊ ဖုံးကွယ်ထားတဲ့ အမှန်တရားတွေနဲ့ ဒီမိသားစုဟာလည်း အသက်ဘေးအတွက် ရုန်းကန်ရပါတော့တယ်။ မိသားစုဟာ အရာရာထက် အရေးအကြီးဆုံးဖြစ်ကြောင်းကို မီးမောင်းထိုးတင်ပြထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဖြစ်ပြီး နေအိမ်လေးတစ်လုံးကို ဓားပြတိုက်ရုံဇာတ်လမ်းသာမက လူတစ်ဦးချင်းစီရဲ့ စိတ်နေစိတ်ထား၊ ဆုံးဖြတ်ချက်တွေနဲ့ အရေးကြုံတဲ့အခါ ထွက်လာတဲ့ကြံရည်ဖန်ရည်တွေကို စိတ်လှုပ်ရှားဖွယ်အပြည့်တဲ့ တင်ဆက်ထားတဲ့ရုပ်ရှင်ကားလည်းဖြစ်ပါတယ်။
https://my.pcloud.com/publink/show?code=XZtXvfZ49qHjwVFBOkCGcBjKDCwmmjPWsb7